ကြည်လင်ပြည်နယ် နွန်အန်းခရိုင်၌ ကြေးခေတ်ရုပ်ကြွင်းများကို တူးဖော်တွေ့ရှိ

(GMT+08:00)2022-12-03 13:59:22  

    တရုတ်ပြည် ကြည်လင်ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရှေးဟောင်းသုတေသနပြုရေး သုတေသနဌာနက ရှေးဟောင်းသုတေသနပြုသူများသည် ၂၀၂၂ခုနှစ်တွင် ကြည်လင်ပြည်နယ် နွန်အန်းခရိုင် ဝေဇီလီ နေရပ်အကြွင်းကို တူးဖော်ရာတွင် အိမ်နေရာ၊ သင်္ချိုင်း နှင့် ပြာတွင်းများကို တူးဖော်တွေ့ရှိခဲ့ပြီး ရှေးဟောင်းအမွေအနှစ်ပစ္စည်း (၁၀၀)ကျော်ကို တူးဖော်တွေ့ရှိခဲ့ပါသည်။