ရဲဘော် ကျန်ကျက်မင်၏ဘဝဓါတ်ပုံများ

(GMT+08:00)2022-12-03 13:52:46  

ရဲဘော် ကျန်ကျက်မင်၏ဘဝဓါတ်ပုံများ

ဤသည်မှာ ၁၉၄၇ ခုနှစ်၌ Shanghai Jiao Tong University တွင် ကျန်းကျက်မင်၏ ဘွဲ့ဓာတ်ပုံ ဖြစ်သည်။

၁၉၅၅ ခုနှစ်မှ ၁၉၅၆ ခုနှစ်အထိ ကျန်းကျက်မင်(ညာ ၂) သည် မော်စကိုရှိ Stalin မော်တော်ကားစက်ရုံသို့ အလုပ်သင်အဖြစ် သွားရောက်ခဲ့သည်။ ဤသည်မှာ မော်စကို၌ ကျန်းကျက်မင်နှင့် အခြားသူများ၏ စုပေါင်းဓာတ်ပုံ ဖြစ်သည်။

၁၉၅၆ ခုနှစ်တွင် ချန်ချွန်း အမှတ် (၁) မော်တော်ကားစက်ရုံ၌ ကျန်းကျက်မင် (ဘယ် ၇) နှင့် အဆိုပါစက်ရုံကို ကူညီတည်ဆောက်ပေးသော ဆိုဗီယက်ပြည်ထောင်စုမှ ပညာရှင်များ၏ စုပေါင်းဓာတ်ပုံ ဖြစ်သည်။

၁၉၆၃ ခုနှစ် မတ်လတွင် ရှန်ဟိုင်းမြို့၌ ကျန်းကျက်မင် (ရှေ့တန်းမှ ညာ ၅) နှင့် အသေးစား Triple-phase asynchronous motor နိုင်ငံလုံးဆိုင်ရာ တပြေးညီစီးရီး ဒီဇိုင်းဦးဆောင်အဖွဲ့မှ အဖွဲ့ဝင်များ၏ စုပေါင်းဓာတ်ပုံ ဖြစ်သည်။

၁၉၆၄ ခုနှစ် ဇွန်လတွင် ပြင်သစ်နိုင်ငံ Aix-les-Bains ၌ နိုင်ငံတကာလျှပ်စစ်နည်းပညာကော်မရှင် အစည်းအဝေးတက်ရောက်နေစဉ်အတွင်း ကျန်းကျက်မင် (ဒုတိယတန်း ညာ ၁) နှင့် အစည်းအဝေးတက်ရောက်ကြသည့် ကိုယ်စားလှယ်များ၏ စုပေါင်းဓာတ်ပုံ ဖြစ်သည်။

၁၉၈၀ ပြည့်နှစ် အောက်တိုဘာလကုန်တွင် အိုင်ယာလန် Shannon ဖွံ့ဖြိုးတိုးတက်ရေးဇုန်သို့ သွားရောက်လေ့လာစဉ် ကျန်းကျက်မင် (ရှေ့တန်း ညာ ၃) နှင့် ဖွံ့ဖြိုးတိုးတက်ရေးဇုန်မှ တာဝန်ခံများ၏ စုပေါင်းဓာတ်ပုံ ဖြစ်သည်။

၁၉၈၄ ခုနှစ် မေလတွင် ပေကျင်း ပြပွဲခန်းမ၌ ကျင်းပသော အမျိုးသားအီလက်ထရောနစ်ထုတ်ကုန်သစ်ပြပွဲတွင် ကျန်းကျက်မင်သည် နိုင်ငံတကာရပ်ဝေးဖုန်းခေါ်ဆိုမှုကို စမ်းသပ်အသုံးပြု၍ အဝေးရပ်မှ ဝန်ထမ်းများအား နှုတ်ခွန်းဆက်ခဲ့သည်။

၁၉၈၅ ခုနှစ်တွင် ရှန်ဟိုင်းမြို့ အဌမအကြိမ်မြောက် ပြည်သူ့ကွန်ဂရက် စတုတ္ထအကြိမ် အစည်းအဝေး၌ ကျန်းကျက်မင်ကို တွေ့ရစဉ်။

၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် ရှန်ဟိုင်းမြို့၌ ကျင်းပသော ဝါရင့်သိပ္ပံပညာရှင်ကြီးများ၏ သိပ္ပံပညာလုပ်ငန်းဆောင်ရွက်မှု နှစ်ငါးဆယ်ပြည့်အထိမ်းအမှတ် ဆွေးနွေးပွဲတွင် ကျန်းကျက်မင် မိန့်ခွန်းပြောကြားစဉ်။

၁၉၈၉ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီ (၁၃) ကြိမ်မြောက် ဗဟိုကော်မတီ၏ စတုတ္ထအကြိမ်စုံညီအစည်းအဝေးကို ပေကျင်းမြို့၌ ကျင်းပခဲ့သည်။ ဤသည်မှာ အစည်းအဝေး၌ ကျန်းကျက်မင် မိန့်ခွန်းပြောကြားနေပုံ ဖြစ်သည်။

၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီ (၁၃) ကြိမ်မြောက် ဗဟိုကော်မတီ၏ ပဉ္စမအကြိမ်စုံညီအစည်းအဝေးကို ပေကျင်းမြို့၌ ကျင်းပခဲ့သည်။ ဤသည်မှာ တိန့်ရှောင်ဖိန်နှင့် ကျန်းကျက်မင် ရင်းရင်းနှီးနှီး လက်ဆွဲနှုတ်ဆက်နေပုံ ဖြစ်သည်။

၁၉၉၀ ပြည့်နှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျန်းကျက်မင်နှင့် ဇန့် တိုင်းရင်းသားပြည်သူများအတူ ရိတ်သိမ်းပွဲတော် ဆင်နွှဲနေပုံ ဖြစ်သည်။