တရုတ် အာကာသယာဉ်မှူးများ အကြား လုပ်ငန်းတာဝန် လွှဲပြောင်းပေးအပ်ခြင်း ပြီးမြောက်

(GMT+08:00)2022-12-03 14:00:32  

ယခုလ ၂ရက်နေ့ညက Shenzhou အမှတ် ၁၄ အာကာသယာဉ်နှင့် Shenzhou အမှတ် ၁၅ အာကာသယာဉ်တို့မှ အာကာသယာဉ်မှူးများအကြား လုပ်ငန်းတာဝန် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ကျင်းပရာ တရုတ် အာကာသစခန်း၏ သော့ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တရုတ် လူပါအာကာသ လုပ်ငန်းရုံးမှ သတင်းအရ သိရသည်။

Shenzhou အမှတ် ၁၄ အာကာသယာဉ်မှ အာကာသယာဉ်မှူးများသည် သတ်မှတ်ခဲ့သည့် လုပ်ငန်းတာဝန် အားလုံးကို ဆောင်ရွက်ပြီးစီးပြီ ဖြစ်၍ ယခုလ ၄ရက်နေ့တွင် Shenzhou အာကာသယာဉ်ဖြင့် တုန်းဖုန်း ဆင်းသက်ခြင်းနေရာသို့ ပြန်ရောက်မည် ဖြစ်ကြောင်း သိရသည်။

တရုတ် အာကာသစခန်းတွင် အာကာသယာဉ်မှူး ရေရှည် နေထိုင်သည့် ပုံစံကို တရားဝင် စတင်ခဲ့ကြောင်း သိရသည်။