ယူနက်စကိုအဖွဲ့ ရုံးဌာနချုပ်တွင် “တရုတ် မှတ်တမ်းတင်ကား ပွဲတော်” ပြသခြင်း လှုပ်ရှားမှုကို အောင်မြင်စွာ ကျင်းပ

(GMT+08:00)2022-12-03 18:39:59  

    ပီကင်း စံတော်ချိန် ယခုလ ၃ရက်နေ့က China Media Groupနှင့် ကုလသမဂ္ဂ ယူနက်စကို အဖွဲ့ ဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့တို့ လက်တွဲပြီး ပြင်သစ် နိုင်ငံ ပါရီမြို့တော်ရှိ ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ ရုံးဌာနချုပ်တွင်  “တရုတ် မှတ်တမ်းတင်ကား ပွဲတော်”(China Documentary Festival) ပြသခြင်း လှုပ်ရှားမှုကို ကျင်းပပြီး မှတ်တမ်းတင်ကားများဖြင့် လူသားကံကြမ္မာတူ အသိုက်အဝန်း ကြံဆချက်နှင့် တရုတ် ပုံစံ ခေတ်မီရေး အကြောင်းများကို မိတ်ဆက်ဖြန့်ချိသည်။ ယခုအကြိမ် ပြသခြင်း လှုပ်ရှားမှုတွင် မှတ်တမ်းတင်ကား ၅၀ကျော်ကို ပြသမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ ယူနက်စကို အဖွဲ့ ဆိုင်ရာ နိုင်ငံ အသီးသီးမှ သံတမန် အရာရှိများနှင့် ပြင်သစ် အလွှာပေါင်းစုံမှ ဧည့်သည်တော် ၄၀၀ကျော် ပြသခြင်း လှုပ်ရှားမှုသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။