ပိုဟိုင်ပင်လယ်တွင် ပထမဆုံး ကုဗမီတာ ဘီလီယံ ၁၀၀ရှိ သဘာဝ ဓါတ်ငွေ့မြေ ပထမအဆင့် လုပ်ငန်းအစီအစဉ်ကို စတင်ဆောင်ရွက်

(GMT+08:00)2022-12-03 14:01:31  

ယခုလ ၂ရက်နေ့က ပိုဟိုင် ရေနံမြေ ပိုကျုံး 19-6 သဘာဝဓါတ်ငွေ့မြေ ပထမအဆင့် တူးဖော်ရေး လုပ်ငန်းအစီအစဉ်ကို တရားဝင် စတင်ဆောင်ရွက်ခဲ့ကြောင်း China National Offshore Oil Corporationမှ သတင်းအရ သိရသည်။

19-6 သဘာဝဓါတ်ငွေ့မြေသည် ပိုဟိုင်ပင်လယ် အလယ်ပိုင်း ပင်လယ်ရပ်ဝန်းတွင် တည်ရှိပြီး ၂၀၁၉ခုနှစ်တွင် စူးစမ်းရှာဖွေ့တွေ့ရှိခြင်း ဖြစ်ကာ ရှာဖွေတွေ့ရှိပြီးသော သဘာဝဓါတ်ငွေ့နှင့် ရေနံတည်ရှိမှု ပမာဏမှာ ကုဗမီတာ ဘီလီယံ ၂၀၀ခန့်နှင့် ကုဗမီတာ သန်း ၁၅၀ကျော် အသီးသီး ရှိ၍ တရုတ်ပြည် အရှေ့ပိုင်းတွင် ပထမဆုံး ကုဗမီတာ ဘီလီယံ ၁၀၀ရှိ သဘာဝ ဓါတ်ငွေ့မြေ ဖြစ်ကြောင်း သိရသည်။