Blinken သည် တရုတ်အပေါ် မဟုတ်မမှန် ထပ်မံပြောဆို၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန က အမေရိကန်အနေနှင့် နှစ်နိုင်ငံထိပ်သီးတို့၏ အရေးကြီးသဘောတူညီမှုကို လက်တွေ့ ကျကျဖော်ဆောင်ရန် မျှော်လင့်ကြောင်းဖော်ပြ

(GMT+08:00)2022-12-03 14:06:38  

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken၏ တရုတ်နိုင်ငံအပေါ် မဟုတ်မမှန် ထပ်မံပြောဆိုခြင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန်မှ သက်ဆိုင်ရာ ပြောဆိုချက်သည် အဖြူအမည်းကို ကပြောင်းကပြန်ဖြစ်အောင် ပြုလုပ်ပြီး စစ်အေးအတွေးအခေါ်နှင့် အယူဝါဒဘက်လိုက်မှုနှင့် ပြည့်နှက်နေကြောင်း၊ အမေရိကန်အနေနှင့် တရုတ်၊ အမေရိကန် နှစ်နိုင်ငံထိပ်သီးတို့မှ ရရှိခဲ့သော အရေးကြီး သဘောတူညီမှုကို လက်တွေ့ကျကျဖော်ဆောင်ပြီး တရုတ်၊ အမေရိကန်တို့အကြား မှန်ကန်သော ပေါင်းသင်းဆက်ဆံရေး  နည်းလမ်းကို အတူ ထူထောင်ရန် မျှော်လင့်ပါကြောင်း ယခုလ ၂ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။