ရဲဘော် ကျန်ကျက်မင်၏ ဈာပနရေးရာ ကော်မတီ ထုတ်ပြန်ကြေညာချက် အမှတ် (၂)

(GMT+08:00)2022-12-02 12:17:17  

ရဲဘော်ကျန်ကျက်မင်၏ပါတီနှင့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင်အထူးအကျိုးပြုဆောင်ရွက်မှုများကြောင့် ပါတီတစ်ရပ်လုံး၊တပ်မတော်တစ်ရပ်လုံးနှင့်တစ်နိုင်ငံလုံးတိုင်းရင်းသားပေါင်းစုံမှပြည်သူများ၏ဘုံဆန္ဒအရ အောက်ပါအချက်များကိုဆုံးဖြတ်လိုက်သည်။

(၁) ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁၀နာရီတွင် ပါတီဗဟိုကော်မတီ၊ ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၊ နိုင်ငံတော်ကောင်စီ၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီနှင့် ဗဟိုစစ်ရေးကော်မရှင်တို့သည် ပီကင်းပြည်သူ့ခန်းမဆောင်ကြီး၌ ဝမ်းနည်းဂုဏ်ပြုပွဲကိုကျင်းပမည်ဖြစ်သည်။

(၂) ဝမ်းနည်းဂုဏ်ပြုပွဲ ကျင်းပသည့်နေ့တွင် တစ်ပြည်လုံး၌၊ နိုင်ငံခြားဆိုင်ရာ တရုတ်သံရုံးများ၊ကောင်စစ်ဝန်ရုံးများနှင့် အခြားအဖွဲ့အစည်းများ၌ အလံတစ်ဝက်လွှင့်ထူပြီး အများပြည်သူ ဖျော်ဖြေရေးလှုပ်ရှားမှုများကိုတစ်ရက်တာရပ်နားထားသည်။

(၃) ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်း ဝမ်းနည်းဂုဏ်ပြုပွဲ ကျင်းပချိန်တွင် တစ်နိုင်ငံလုံး ပြည်သူများသည် (၃)မိနစ်ကြာငြိမ်သက်စွာ နေကြပြီး မော်တော်ကား၊သင်္ဘောများ (၃)မိနစ်ကြာဟွန်းသံမြည်ကာ လေကြောင်းရန်ကာကွယ်ရေး ဥသြသံ (၃)မိနစ်ကြာမြည်သည်။

(၄)ကွယ်လွန်သူအားသွားရောက်ဂါရဝပြု အခမ်းအနားကျင်းပမည်မဟုတ်ပါ။