ကျန်ကျက်မင် ကွယ်လွန်ခြင်းအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် တိတ်ဆိတ်ငြိမ်သက်မှု အခမ်းအနားကျင်းပ

(GMT+08:00)2022-12-02 11:02:42  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၃၀ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမကျင်းပခင် တရုတ်သမ္မတဟောင်း ကျန်ကျက်မင် ကွယ်လွန်ခြင်း အတွက် တိတ်ဆိတ်ငြိမ်သက်မှု အခမ်းအနားကို ကျင်းပခဲ့ပါသည်။ ကုလသမဂ္ဂဆိုင်ရာ ဂါနာ အမြဲတမ်း ကိုယ်စားလှယ် ဟာရို အာကျယ်မန်က တရုတ်သမ္မတဟောင်း ကျန်ကျက်မင်သည် နိုင်ငံတကာ ငြိမ်းချမ်းမှု၊ လုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက်၊ တရုတ်ပြည်၏ ပြုပြင်ပြောင်းလဲရေး၊ တံခါးဖွင့်ရေး၊ ခေတ်မီရေး နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြီးမားစွာ အကျိုးပြုဆောင်ရွက် ခဲ့ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းက ကျန်ကျက်မင်ကို သတိရမည်ဖြစ်ပြီး ၄င်း၏ ကွယ်လွန်ခြင်းသည် တရုတ်ပြည်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ကြောင်း ဖော်ပြပါသည်။