ဘာလီကျွန်း တရုတ်-အမေရိကန် ထိပ်သီးဆွေးနွေးပွဲ၏ နောက်ဆက်တွဲလုပ်ငန်းများကို ဖေါ်ဆောင်ဖို့ တရုတ်နိုင်ငံသို့ခရီးလှည့်လည်ရန် Blinken မျှော်လင့်

(GMT+08:00)2022-12-02 13:14:59  

ယခုလ ၁ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးBlinken၏ တရုတ်နိုင်ငံခရီးစဉ်နှင့်ပတ်သက်ပြီးမေးခွန်း ဖြေကြားရာတွင်၊  ဘာလီကျွန်း တရုတ်-အမေရိကန် ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲ၏ နောက်ဆက်တွဲလုပ်ငန်းများကို ဖေါ်ဆောင်ဖို့ တရုတ်နိုင်ငံသို့ခရီးလှည့်လည်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken က မျှော်လင့်ကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံက ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

   အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken က ဘာလီကျွန်းတွင် တရုတ်နှင့်အမေရိကန် ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးပွဲသည် အကျိုးသက်ရောက်မှုရှိကြောင်း၊ နှစ်ဘက်တို့သည် နှစ်နိုင်ငံ၏အကျိုးစီးပွား၊ ရည်ရွယ်ချက်များနှင့် မူဝါဒများအပေါ် ပွင့်လင်းစွာ တိုက်ရိုက်ဆွေးနွေးခြင်းသည် လွန်စွာအရေးကြီးကြောင်းပြောကြားခဲ့သည်။

ကျောက်လိကျန်းက သမ္မတရှီကျင့်ဖိန်နှင့် သမ္မတ ဘိုင်ဒန်တို့သည် ဘာလီကျွန်းတွင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေး စသည့်အရေးကြီးသောကိစ္စရပ်များကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များသည် ကူးလူးဖလှယ်ရေးနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကိုတွန်းအားပေးရန် သဘောတူကြကြောင်း ပြောကြားခဲ့သည်။