လီခေ့ချန်သည် ဥရောပကောင်စီဥက္ကဋ္ဌနှင့် တွေ့ဆုံ

(GMT+08:00)2022-12-02 11:03:18  

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် ဒီဇင်ဘာလ ၁ ရက်နေ့ ညနေပိုင်းက တရုတ်ပြည်သူ့ခန်းမဆောင်ကြီး၌ ဥရောပကောင်စီဥက္ကဋ္ဌ မီချယ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

လီခေ့ချန်က တရုတ်နှင့် ဥရောပတို့သည် ကမ္ဘာပေါ်တွင် ငြိမ်းချမ်းမှု ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးမှု တွန်းအားပေးရေးဆိုင်ရာ အရေးကြီး အင်အား ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဥရောပနှင့် အပြန်အလှန် လေးစားရေး၊ တန်းတူညီမျှစွာ အပြန်အလှန် သဘောထားရေး မူကို စွဲကိုင်ပြီး စွမ်းအင် လုံခြုံမှု၊ စားနပ်ရိက္ခာ လုံခြုံဖူလုံမှု၊ ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှု ကွင်းဆက် တည်ငြိမ်မှုကို အတူ ထိန်းသိမ်း၍ တရုတ်-ဥရောပ ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှု တည်ငြိမ်စွာ တိုးတက်စေရန် တွန်းအားပေးလိုပါကြောင်း၊ ဥရောပ၏ တပြေးညီ ဖြစ်စဉ်ကို ပြတ်ပြတ်သားသား ထောက်ခံပြီး နှစ်ဖက်အကြား အပြန်အလှန် တံခါးဖွင့်ရေးကို တိုးချဲ့ပြုလုပ်ရန် မျှော်လင့်ကြောင်း ဖော်ပြပါသည်။

မီချယ်က ဥရောပသမဂ္ဂသည် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူဝါဒကို စွဲကိုင်ပြီး ဥရောပသမဂ္ဂ-တရုတ် ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲကို ကောင်းမွန်စွာ ပြုလုပ်ရန် မျှော်လင့်ကြောင်း ဖော်ပြပါသည်။