စပိန်ဌာနအများအပြား၌ သံသယရှိပါဆယ်ထုပ်များကို တွေ့ရှိ

(GMT+08:00)2022-12-02 12:54:01  

နိုဝင်ဘာလ ၂၄ ရက်နေ့မှစ၍ စပိန်နိုင်ငံရှိ အရေးကြီး ဌာနနှင့် နိုင်ငံခြား သံရုံး အများအပြားသည် သံသယရှိပါဆယ်ထုပ်များကို တွေ့ရှိခဲ့ကြောင်း၊  စပိန်ဘက်မှသတင်းအချက်အလက်များအရ ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁ ရက်နေ့အထိ သံသယရှိပါဆယ်ထုပ် ၆ခုကို တွေ့ရှိခဲ့ပြီး  လက်ရေးကို စုံစမ်းလေ့လာခြင်းအားဖြင့် လူတစ်ယောက်တည်း ပေးပို့ခြင်း ဖြစ်နိုင်ကြောင်း၊ လုံခြုံရေးဌာနသည် ပါဆယ်ထုပ် ပို့သူကို စုံစမ်း ရှာဖွေနေကာ လက်ရှိအချိန်တွင် သံသယရှိပါဆယ်ထုပ် ပေါက်ကွဲခြင်းကြောင့် လူ၁ဦး ဒဏ်ရာရရှိခဲ့ပြီ ဖြစ်ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။