နိုင်ငံအများအပြားမှ ခေါင်းဆောင်များနှင့်နိုင်ငံတကာအဖွဲ့အစည်းများမှတာဝန်ရှိသူများသည် ရဲဘော်ကျန်ကျက်မင်ကွယ်လွန်ခြင်းအပေါ်ဝမ်းနည်းကြောင်းဖေါ်ပြ

(GMT+08:00)2022-12-02 12:17:53  

နိုင်ငံအများအပြားမှ ခေါင်းဆောင်များနှင့်နိုင်ငံတကာအဖွဲ့အစည်းများမှတာဝန်ရှိသူများသည် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခြင်းသို့မဟုတ်အခြားနည်းလမ်းဖြင့်ရဲဘော်ကျန်ကျက်မင်ကွယ်လွန်ခြင်းအပေါ်အလေးအနက်ဝမ်းနည်းကြောင်းဖေါ်ပြခဲ့ကြသည်။

ရဲဘော်ကျန်ကျက်မင်သည် ယနေ့ခေတ် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတကာ၌ အဆင့်အတန်းတိုးတက်ရေးတို့အတွက် အရေးကြီးသော အကျိုးပြုမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ရဲဘော်ကျန်ကျက်မင်သည် ရုရှားနိုင်ငံ၏မိတ်ဆွေဟောင်း ဖြစ်ပြီး ရုရှား-တရုတ် ဆက်ဆံရေးကို မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်အဖြစ် မြှင့်တင်ရန် အရေးကြီးသောအကျိုးပြုမှုများ ဆောင်ရွက်ခဲ့ကြောင်း ရုရှားသမ္မတ ပူတင်က ဖေါ်ပြခဲ့သည်။

လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ သမ္မတ သုန်လွင်က ရဲဘော် ကျန်ကျက်မင်သည် တရုတ်ဝိသေသထူးခြားချက်ပါရှိသော ဆိုရှယ်လစ်လုပ်ငန်းအတွက် အရေးကြီးသော အကျိုးပြုမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ရဲဘော်ကျန်ကျက်မင်သည် လာအို ပါတီနှင့် ပြည်သူများ၏ ရင်းနှီးသော မိတ်ဆွေ ဖြစ်ပြီး လာအို-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ မိမိတို့အနေနှင့် ရဲဘော် ကျန်ကျက်မင် ကွယ်လွန်ခြင်းအတွက် အလေးအနက်ဝမ်းနည်းကြောင်း ဖေါ်ပြခဲ့သည်။