၃၂နှစ်အတွင်းကန်တွင် သေနတ်ပစ်ခတ်မှုကြောင့် လူ ၁.၁၁ သန်းကျော် သေဆုံး

(GMT+08:00)2022-12-02 12:32:45  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၉ ရက်နေ့ကအမေရိကန် ဆေးဝါးကုသရေးပညာအသင်း- ဝက်ဘဆိုက်ပွင့်လင်းမှု မဂ္ဂဇင်းမှ ထုတ်ပြန်သောသေနတ်ပစ်ခတ်မှုဆိုင်ရာစာရင်းတစ်ရပ်အရ ၁၉၉၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အထိအမေရိကန်နိုင်ငံတွင် သေနတ် ပစ်ခတ်မှုကြောင့် လူ ၁.၁၁ သန်းကျော် သေဆုံးခဲ့ပြီးလွန်ခဲ့သည့်နှစ်များအတွင်းသေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသူဦးရေပိုမိုလျင်မြန်စွာတိုးများလာကာ၂၀၂၁ခုနှစ်၌သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသူဦးရေမှာ ၂၀၁၉ခုနှစ်ကထက် ၂၀ ရာခိုင်နှုန်းတိုးများလာကြောင်းသိရသည်။

၂၀၂၁ခုနှစ်ကအသက် ၂၀ မှ ၂၄ နှစ်အရွယ် လူမဲအမျိုးသားများသေနတ် ပစ်ခတ်မှုကြောင့်သေဆုံးမှုနှုန်းသည် အသက် ၃၀မှ ၃၄ နှစ်အရွယ် လူဖြူအမျိုးသားများ၏ ၂၂.၅ ဆ ရှိပြီး ၄င်းတို့သည် လူမဲနှင့် လူဖြူလူမျိုးထဲမှ သေနတ် ပစ်ခတ်မှုကြောင့် သေဆုံးမှုနှုန်းအမြင့်ဆုံးသောအုပ်စုဖြစ်သည်။