နိုင်ငံတကာ အခြေအနေ မတည်မငြိမ် ဖြစ်လေလေ တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှု အရေးကြီးလေလေ

(GMT+08:00)2022-12-02 10:18:49  

ဒီဇင်ဘာလ ၁ ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပီကင်း၌ ဥရောပကောင်စီ ဥက္ကဋ္ဌ မီချယ်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ တွေ့ဆုံ ရာတွင် ရှီကျင့်ဖိန်က နိုင်ငံတကာ အခြေအနေ မတည်မငြိမ် ဖြစ်လေလေ၊ တစ်ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ထင်ရှားလေလေ၊ တရုတ်-ဥရောပ ဆက်ဆံမှု၏ တစ်ကမ္ဘာလုံးဆိုင်ရာ အဓိပ္ပါယ်များ ထင်ရှားလေလေ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်သည် တရုတ်-ဥရောပ ဆက်ဆံမှု တိုးတက်ရေးနှင့် ပတ်သက်ပြီး မှန်ကန်သော နားလည်သိရှိမှု ထားရမည် ဖြစ်ခြင်း၊ သဘောကွဲလွဲမှုများကို သင့်တော်စွာ ကိုင်တွယ် ထိန်းချုပ်ရမည် ဖြစ်ခြင်း၊ အရည်အချင်း ပိုမိုမြင့်မားသော ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်ရမည် ဖြစ်ခြင်း၊ နိုင်ငံတကာ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးရမည် ဖြစ်ခြင်း အပါအဝင် ထင်မြင်ချက် လေးရပ်ကို ဖေါ်ပြထားပြီး၊ ဥရောပသမဂ္ဂသည် တရုတ်နိုင်ငံ၏ တရုတ်ပုံစံ ခေတ်မီရေး လမ်းကြောင်းတွင် အရေးကြီး မိတ်ဖက် ဖြစ်နိုင်ရန် မျှော်လင့်ကြောင်းလည်း ပြောကြားပါသည်။ မီချယ်ကလည်း ဥရောပသမဂ္ဂသည် တရုတ်နိုင်ငံ၏ ယုံကြည်အားကိုးရသော၊ ခန့်မှန်းနိုင်သော ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဖြစ်လိုပါကြောင်း ပြောကြားခဲ့သည်။ ယင်းသည် နှစ်ဖက်တို့၏ တရုတ်-ဥရောပ ဆက်ဆံမှု တိုးတက်ရေးကို တွန်းအားပေး လိုသော အပြုသဘောဆောင်သော ဆန္ဒကို ပြသထားပါသည်။

မျက်မှောက်အချိန်တွင် ကမ္ဘာကြီး ပြောင်းလဲမှု၊ ခေတ်ပြောင်းလဲမှု၊ သမိုင်းစဉ် ပြောင်းလဲမှုများ ဖြစ်ပွားနေပြီး နိုင်ငံတကာ အခြေအနေ မတည်မငြိမ် ဖြစ်လေလေ တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှု အရေးကြီးလေလေ ဖြစ်ပါသည်။ ဥရောပ အနေနှင့် မဟာဗျူဟာအရ ကိုယ်ပိုင်ဆုံးဖြတ်မှုကို စွဲကိုင်ပြီး တရုတ်နိုင်ငံနှင့်အတူ တရုတ်-ဥရောပ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ရေရှည် တိုးတက်ရေးကို တွန်းအား ပေးရန်၊ နှစ်ဖက်တို့အတွက် ပိုမို များပြားသော အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးရန်၊ မတည်မငြိမ် ဖြစ်နေသည့် ကမ္ဘာကြီးအတွက် ပိုမိုများပြားသော တည်ငြိမ်မှုများကို ဆောင်ကြဉ်းပေးနိုင်ရန် မျှော်လင့်ကြောင်း China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖေါ်ပြထားပါသည်။