ပီရူးနှင့် အီကွေဒေါတွင် ကြက်ငှက်တုပ်ကွေးပျံ့နှံ့၊ ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာ

(GMT+08:00)2022-12-02 12:54:51  

ပီရူးနှင့် အီကွေဒေါ အစိုးရက ကြက်ငှက်တုပ်ကွေးပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ၃လကြာ ကျန်းမာရေး အရေးပေါ်အခြေအနေကို ကျင့်သုံးမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

ပီရူးစိုက်ပျိုးရေးနှင့်ကျန်းမာရေးဦးစီးဌာနက ကြက်ငှက်တုပ်ကွေးဖြစ်ပွားသည့်နေရာ၌ ကြက်ငှက်အားလုံးကို သတ်ဖြတ်ပြီး နှစ်မီတာ နက်ရာ မြေအောက်တွင် မြှုပ်ထားရန် အမိန့်ပေးခဲ့ပါသည်။