ရဲဘော် ကျန်ကျက်မင်၏ ရုပ်အလောင်းကို အထူးလေယာဉ်ဖြင့် ပီကင်းသို့ ပို့ဆောင်၊ ရှီကျင့်ဖိန် အပါအဝင် ပါတီနှင့် နိုင်ငံတော်ခေါင်းဆောင်များ လေဆိပ်သို့ သွားရောက် ဆီးကြို

(GMT+08:00)2022-12-02 10:17:31  

တရုတ်ကွန်မြူနစ်ပါတီ၊ တပ်မတော်နှင့် တိုင်းရင်းသား ပေါင်းစုံမှ ပြည်သူများ အသိအမှတ်ပြုကြသော ဂုဏ်သိက္ခာရှိသည့် ထူးချွန်သော ခေါင်းဆောင်၊ ကြီးမြတ်သော မာ့က်စ်ဝါဒီ၊ ကြီးမြတ်သော ပစ္စည်းမဲ့လူတန်းစား တော်လှန်ရေး ပုဂ္ဂိုလ်၊ နိုင်ငံရေးပုဂ္ဂိုလ်၊ စစ်ရေးပုဂ္ဂိုလ်၊ သံတမန်ရေးပုဂ္ဂိုလ်၊ အချိန်ကြာမြင့်စွာ စမ်းသပ်မှု ခံခဲ့ရသော ကွန်မြူနစ် စစ်သား၊ တရုတ် ထူးခြားချက်ဝိသေသ ပါရှိသော မွန်မြတ်သော ဆိုရှယ်လစ်လုပ်ငန်းတွင် ထူးချွန်သောခေါင်းဆောင်၊ ပါတီ၏ တတိယဆက်မြောက် ဗဟို ခေါင်းဆောင်အဖွဲ့၏ အမြုတေ၊ ကိုယ်စားပြု သုံးခု အရေးကြီး အတွေးအခေါ်၏ အဓိက တည်ထောင်သူ ဖြစ်သည့် ရဲဘော် ကျန်ကျက်မင်၏ ရုပ်အလောင်းကို ဒီဇင်ဘာလ ၁ ရက်နေ့က အထူးလေယာဉ်ဖြင့် ရှန်ဟိုင်းမှ ပီကင်းသို့ ပို့ဆောင်ခဲ့ပြီး ရှီကျင့်ဖိန် အပါအဝင် တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော်ခေါင်းဆောင်များသည် ပီကင်း ရှီးကျောင်း လေဆိပ်သို့ သွားရောက် ဆီးကြိုခဲ့ကြကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။