တရုတ်မှ display panelထုတ်လုပ်နိုင်စွမ်းသည် စတုရန်းမီတာသန်းပေါင်း ၂၀၀ ရှိ

(GMT+08:00)2022-12-01 12:18:26  

       ၂၀၂၂ခုနှစ် ကမ္ဘာ့ display panelလုပ်ငန်းအစည်းအဝေးကိုတရုတ် ချန်တူး၌ စတင်ကျင်းပခဲ့သည်။ လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှ နှစ်စဉ် display panelထုတ်လုပ်နိုင်စွမ်းသည် စတုရန်းမီတာသန်းပေါင်း ၂၀၀ ရှိပြီး ၂၀၂၁ခုနှစ် display panelလုပ်ငန်းဝင်ငွေသည် တရုတ်ယွမ်ငွေ ဘီလီယံ ၅၈၀ ကျော်ရှိကြောင်း တရုတ် စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန  မှတာဝန်ရှိသူကကြေညာသည်။