ပြင်သစ်ဝန်ကြီးချုပ်က ပြည်သူများ နှာခေါင်းစည်းစည်းရန် တိုက်တွန်း

(GMT+08:00)2022-12-01 15:01:31  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပြင်သစ်ဝန်ကြီးချုပ် Borne က ပြည်သူများ ကပ်ရောဂါကာကွယ်ဖို့ လိုအပ်သောအကွာအဝေးထားရန်နှင့် ဘတ်စ်ကားကဲ့သို့ လူများသောနေရာတွင် နှာခေါင်းစည်းစည်းရန် တိုက်တွန်းခဲ့ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။

Borne က လွန်ခဲ့သည့်အပတ်က ပြင်သစ်နိုင်ငံတွင် ကိုဗစ်ကူးစက်ခံရသော ရောဂါသည် နေ့စဉ် ၄သောင်းခန့် အသစ်တိုးလာခဲ့ပြီး ဆေးရုံတက်သူ ၁၀ ရာခိုင်နှုန်းခန့် တိုးလာကာ သေဆုံးသူ ၄၀၀ ခန့် အသစ် တိုးလာခဲ့ကြောင်း ပြောကြားခဲ့သည်။