ပါကစ္စတန်တွင် ဖောက်ခွဲမှု ဖြစ်ပွား၊ လူ ၃ ဦး သေဆုံး၊ တာလီဘန်က တာဝန်ယူဟု ကြေညာ

(GMT+08:00)2022-12-01 14:53:11  

နိုဝင်ဘာလ ၃၀ ရက်နေ့က ပါကစ္စတန် တာလီဘန်သည် ထိုနေ့တွင် ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းရှိ Balochistanပြည်နယ် Quettaမြို့တွင် ဖြစ်ပွားခဲ့သော ဖောက်ခွဲမှုကို တာဝန်ယူသည်ဟု ကြေညာခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့တွင် Quetta မြို့၌ ရဲထရပ်ကားတစ်စီးသည် ဗုံးဖောက်ခွဲမှု ခံခဲ့ရသောကြောင့် လူ ၃ ဦး သေဆုံးပြီး  ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဖောက်ခွဲမှုသည် အသေခံဖောက်ခွဲမှု ဖြစ်သည်ဟု ဒေသခံရဲဘက်က ပြောကြားခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာနေရာနှင့် ထရပ်ကားတိမ်းမှောက်မှုအခြေအနေအရ တိုက်ခိုက်သူသည် ဒိုင်းနမိုက် ၂၅ ကီလိုဂရမ်ကို အသုံးပြုခဲ့သည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။