ဘရာဇီးနိုင်ငံ တောင်ပိုင်းတွင် တောင်မြေပြိုကျမှုကြောင့် လူ ၂ ဦးသေဆုံး ၃၀ ထက်မနည်း ပျောက်ဆုံးနေ

(GMT+08:00)2022-12-01 15:04:50  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၃၀ ရက်နေ့က ဘရာဇီးနိုင်ငံ တောင်ပိုင်းဒေသရှိ ပါရာနာပြည်နယ်တွင် တောင်မြေပြိုကျမှုဖြစ်ပွားခဲ့ရာလူ ၂ ဦး သေဆုံးပြီး အနည်းဆုံး ၃၀ ပျောက်ဆုံးကာ ၆ ဦးကို ကယ်ဆယ်ခဲ့ပြီ ဖြစ်ကြောင်း၊ ကုန်တင်ကား ၁၀ စီးနှင့် အခြား မော်တော်ကား ၆စီးသည် နစ်မြုပ်သွားခဲ့ကြောင်း၊ အဆိုပါ ကား၁၆ စီးထဲတွင် ခရီးသည် ဦးရေကို မသိရသေးသောကြောင့် နောက်ဆုံးသေဆုံးသူဦးရေကို အတည်မပြုနိုင်သေးကြောင်း China Media Groupမှ သတင်းအရသိရပါသည်။