လာအိုနိုင်ငံသမ္မတ သုန်လွင်သည် China Media Groupမှ အင်တာဗျူးကို ဖြေကြား

(GMT+08:00)2022-12-01 12:19:48  

   လာအိုနိုင်ငံ သမ္မတ သုန်လွင်သည် မကြာမီက China Media Groupမှ အင်တာဗျူးကို ဖြေကြားရာတွင် လာအိုနှင့် တရုတ် နှစ်နိုင်ငံ တောတောင်ရေမြေချင်း ဆက်စပ်ပြီး ညီအစ်ကိုလို ခင်မင်ရင်းနှီးစွာ ကူးလူးဆက်ဆံရေး အစဉ်အလာ ရှိကြောင်း၊ နှစ်နိုင်ငံတို့သည် သမိုင်းစဉ် ခေတ်အရပ်ရပ်တွင် အပြန်အလှန် ကူညီထောက်ပံ့ခဲ့ဖူးပြီး ခေတ်နီးပိုင်းတွင် နိုင်ငံခြားမှ ကျူးကျော်မှုကို ခုခံရာတွင်လည်း အပြန်အလှန် ကူညီပံ့ပိုးခဲ့ကြကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ၊ တပ်မတော်နှင့် ပြည်သူများသည် လာအိုနိုင်ငံ၏ နိုင်ငံတော် ကယ်တင်ရေး လုပ်ငန်းအတွက် ခြွင်းချက် မပါသော ကူညီမှုများကို အချိန်မီ ထိရောက်စွာ ပေးခဲ့ပါကြောင်း၊ လာအို၏ ပြည်တွင်း တည်ဆောက်မှုခေတ်ကာလတွင်လည်း တရုတ်ပါတီ၊ အစိုးရနှင့် ပြည်သူများသည် လာအိုနိုင်ငံအား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုနှင့် ကူညီမှုများကို အစဉ်တစိုက် ပေးနေခဲ့ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံမှုသည် ရေရှည် တည်ငြိမ်သော ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု မှနေ ၂၀၁၉ ခုနှစ်တွင် လာအို-တရုတ်၊ တရုတ်-လာအို ကံကြမ္မာတူ အသိုက်အဝန်းသို့ အဆင့်မြှင့်တင်လာကြောင်း၊ ယင်းတို့သည် နှစ်နိုင်ငံအကြား လွန်စွာ ခိုင်ခံ့သော မိတ်ဆွေ၊ ရဲဘော်၊ ညီအစ်ကို ဆက်ဆံမှု ရှေ့သို့ဆက်လက် တိုးတက်ရန်အတွက် ခိုင်မာသော အခြေခံ အုတ်မြစ်များကို ချထားပါကြောင်း ပြောကြားခဲ့ပါသည်။

  သုန်လွင်က တရုတ်နိုင်ငံသည် စီးပွားရေး တည်ငြိမ်စွာ တိုးတက်လာပြီး နိုင်ငံတော်သည် လုံခြုံ တည်ငြိမ်ပါကြောင်း၊ တရုတ်နိုင်ငံ၏ နိုင်ငံတကာ၌ အဆင့်နေရာသည် တိုးမြင့်လာပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အခန်းကဏ္ဍသည်လည်း များစွာ တိုးမြင့်လာကာ ယခု တရုတ်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာ ကျောရိုးမဏ္ဍိုင် ဖြစ်လာပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။