အစွန်းရောက် အိုင်အက်စ်အဖွဲ့ ထိပ်တန်းခေါင်းဆောင်သည် အောက်တိုဘာလတွင် ပစ်သတ် ခံခဲ့ရသည်ဟု အမေရိကန်ဆို

(GMT+08:00)2022-12-01 14:33:22  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၃၀ ရက်နေ့က အမေရိကန် ဗဟိုစစ်ဦးစီးဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူက  ဆီးရီးယား လွတ်လပ်ရေးတပ်မတော်သည် အောက်တိုဘာလ လလယ်ပိုင်းက ဆီးရီးယားနိုင်ငံ တာရာပြည်နယ်တွင် အစွန်းရောက် အိုင်အက်စ်အဖွဲ့ ထိပ်တန်းခေါင်းဆောင်Abu al-Hassan al-Hashemi al-Qurayshiကို သတ်ဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။