အစ္စရေးတွင် အမေရိကန်နှင့် အစ္စရေး ပူးတွဲလေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်

(GMT+08:00)2022-11-30 13:01:43  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အစ္စရေးကာကွယ်ရေးတပ်မတော်၏ ကြေညာချက်အရ ထိုနေ့မှစတင်၍ အမေရိကန်နှင့် အစ္စရေး နှစ်နိုင်ငံလေတပ်များသည် အစ္စရေးနိုင်ငံရှိ နေရာများစွာနှင့် မြေထဲပင်လယ် ရေပြင်အချို့တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ နှစ်နိုင်ငံလေတပ်၏ တိုက်လေယာဉ်များနှင့် ဆီဖြည့်လေယာဉ်များသည် တာဝေးပျံသန်းမှုအပါအဝင် စစ်ရေးလေ့ကျင့်မှုများစွာကို ပြုလုပ်ကြမည်ဟု အစ္စရေး၏ ကြေညာချက်တွင် ဖော်ပြထားသည်။ သို့သော် အဆိုပါလေ့ကျင့်မှု၏ ကြာချိန်ကိုမူ ဖော်ပြခြင်းမရှိကြောင်း သတင်းရရှိပါသည်။

ယင်းမတိုင်မီက နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အစ္စရေးကာကွယ်ရေးတပ်မတော်၏ စစ်ဦးစီးမှူးချုပ် Aviv Kochavi သည် ဒေသတွင်းစိန်ခေါ်မှုများကို ပိုမိုကောင်းမွန်စွာ တုံ့ပြန်နိုင်ရန်အတွက် လာမည့်ကာလတစ်ခုအတွင်း အစ္စရေးသည် အမေရိကန် Central Command နှင့် ပူးတွဲဆောင်ရွက်မှုများကို သိသိသာသာတိုးချဲ့ သွားမည်ဟု ၎င်း၏ အမေရိကန်နိုင်ငံခရီးစဉ်အတွင်း မီဒီယာများအား ပြောကြားခဲ့ပါသည်။