ပါလက်စတိုင်းပြည်သူများကိုထောက်ခံရေး နိုင်ငံတကာနေ့ အထိမ်းအမှတ် အစည်းအဝေးသို့ ရှီကျင့်ဖိန် ဂုဏ်ပြုသဝဏ်လွှာပေးပို့

(GMT+08:00)2022-11-30 13:11:03  

        နိုဝင်ဘာလ ၂၉ ရက်နေ့က ကုလသမဂ္ဂသည် ပါလက်စတိုင်းပြည်သူများကိုထောက်ခံရေး နိုင်ငံတကာနေ့ အထိမ်းအမှတ် အစည်းအဝေးကို ကျင်းပခဲ့ရာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်က ပါလက်စတိုင်းပြဿနာသည် အရှေ့အလယ်ပိုင်းဒေသပြဿနာ၏ အဓိကကျသော အချက် ဖြစ်ကြောင်း၊ ပါလက်စတိုင်းပြဿနာကို ဘက်စုံ၊ တရားမျှတစွာ ဖြေရှင်းရေးသည် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေး၊ နိုင်ငံတကာတရားမျှတမှုနှင့် သက်ဆိုင်ကြောင်း၊ ပါလက်စတိုင်းနှင့် အစ္စရေး နှစ်နိုင်ငံတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ပြီး အာရပ်နှင့် ဂျူးလူမျိုးတို့ လက်တွဲ ဖွံ့ဖြိုးတိုးတက်ရေးသည် နှစ်ဖက်စလုံး၏ ရေရှည်အကျိုးစီးပွားနှင့် ကိုက်ညီသည့်အပြင် နိုင်ငံအသီးသီးမှ ပြည်သူများ၏ ဘုံမျှော်လင့်ချက်လည်း ဖြစ်ကြောင်း၊ နိုင်ငံတကာမိသားစုကြီးသည် “နိုင်ငံနှစ်နိုင်ငံ အစီအစဉ်”ကို ဦးလည်မသွန် စွဲကိုင်ပြီး ပါလက်စတိုင်းပြည်သူများ၏ လွတ်လပ်သော နိုင်ငံတည်ထောင်ရန် အိပ်မက် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်စေရန် ကူညီပေးသင့်ကြောင်း၊ ပါလက်စတိုင်းပြည်သူများ၏ အမျိုးသားတရားဝင်အခွင့်အရေး ပြန်လည်ရရှိရေးလုပ်ငန်းကို တရုတ်နိုင်ငံက အမြဲတမ်း ပြတ်ပြတ်သားသား ထောက်ခံပြီး ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲ ပြုလုပ်ရန် တက်ကြွစွာတွန်းအားပေးကာ ပါလက်စတိုင်း၊အစ္စရေး နှစ်ဖက်အကြား ငြိမ်းချမ်းရေးရရှိစေရန် အကျိုးပြုနေကြောင်း ဖေါ်ပြထားပါသည်။