ရဲဘော် ကျန်ကျက်မင်၏ ဈာပနရေးရာ ကော်မတီ ထုတ်ပြန်ကြေညာချက်

(GMT+08:00)2022-11-30 19:07:55  

ပါတီတစ်ရပ်လုံး၊ တပ်မတော် တစ်ရပ်လုံး၊ တစ်ပြည်လုံး တိုင်းရင်းသားပေါင်းစုံမှ ပြည်သူများထံ အကြောင်းကြားစာ ထုတ်ပြန်သည့်နေ့မှစပြီး ရဲဘော် ကျန်ကျက်မင်အား ဝမ်းနည်းဂုဏ်ပြုပွဲ ကျင်းပသည့်နေ့အထိ ပီကင်းမြို့ ထျန်းအန်းမင်၊ ဆင်ဟွာမင်၊ ပြည်သူ့ ခန်းမဆောင်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသရှိ ဗဟိုအစိုးရ ဆက်သွယ်ရေးရုံး၊ မကာအို အထူးအုပ်ချုပ်ရေးဒေသရှိ ဗဟိုအစိုးရ ဆက်သွယ်ရေးရုံး၊ နိုင်ငံခြားရှိ တရုတ် သံရုံးနှင့် ကောင်စစ်ဝန်ရုံးများတွင် အလံတိုင်ဝက်သို့ လျှော့ချလွှင့်ထူပြီး ဝမ်းနည်းကြေကွဲကြောင်း ဖေါ်ပြမည် ဖြစ်၍ ယင်းအတောအတွင်း ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသရှိ ဗဟိုအစိုးရ ဆက်သွယ်ရေးရုံး၊ မကာအို အထူးအုပ်ချုပ်ရေးဒေသရှိ ဗဟိုအစိုးရ ဆက်သွယ်ရေးရုံး၊ နိုင်ငံခြားရှိ တရုတ် သံရုံးနှင့် ကောင်စစ်ဝန်ရုံးများတွင် ဝမ်းနည်းဂုဏ်ပြုနေရာများထားရှိပြီး ဟောင်ကောင်၊ မကာအိုဒေသနှင့် သက်ဆိုင်ရာနိုင်ငံများမှ ဝမ်းနည်းဂုဏ်ပြုခြင်းကို လက်ခံမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ လုပ်ထုံးလုပ်နည်း အရ နိုင်ငံခြား အစိုးရ၊ ပါတီနှင့် ချစ်ကြည်ရေးပုဂ္ဂိုလ်မှ ကိုယ်စားလှယ်အဖွဲ့ သို့မဟုတ် ကိုယ်စားလှယ် စေလွှတ်ပြီး တရုတ်ပြည်သို့ လာရောက် ဝမ်းနည်းဂုဏ်ပြုခြင်း လှုပ်ရှားမှုတွင် ပါဝင်ရန် မဖိတ်ကြားကြောင်း ဆုံးဖြတ်သည်ဟု  ရဲဘော် ကျန်ကျက်မင်၏ ဈာပနရေးရာ ကော်မတီက နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။