တရုတ်နိုင်ငံ၏ကပ်ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးမူဝါဒသည် သေဆုံးသူဦးရေကိုအလွန်နိမ့်သောအဆင့်တွင်ထိန်းသိမ်းထားသည်ဟုနိုင်ဂျီးရီးယား "ဂါးဒီးယန်း" သတင်းစာတွင် ဆောင်းပါးဖေါ်ပြ

(GMT+08:00)2022-11-30 13:04:21  

နိုင်ဂျီးရီးယားဂါးဒီးယန်းသတင်းစာဝက်ဘ်ဆိုဒ်သည် "တရုတ်နှင့်အမေရိကန်ကြား ကူးစက်ရောဂါကာကွယ်ရေး ပုံစံများကိုနှိုင်းယှဉ်ခြင်း" ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို နိုဝင်ဘာလ ၂၅ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အမေရိကန်တွင် သေဆုံးသူ ၁.၀၉သန်းနှင့် အတည်ပြုလူနာ ၉၈သန်းကို မှတ်တမ်းတင်ထားပြီဖြစ်ပြီး အမေရိကန်အစိုးရက တရုတ်နိုင်ငံ၏ COVID-19ကိုင်တွယ်ဖြေရှင်းခြင်းနှင့်ပတ်သက်၍ ပြစ်တင် သို့မဟုတ် အကြံပြုသည့်အရည်အချင်း မရှိသလောက်ဖြစ်ကြောင်း ရေးသားဖေါ်ပြထားပါသည်။

အမေရိကန် မဟာဗျူဟာနှင့် နိုင်ငံတကာ သုတေသန စင်တာ အဆင့်မြင့် ဒုဒါရိုက်တာချုပ်၊ ကမ္ဘာ့ကျန်းမာရေးမူဝါဒစင်တာ ဥက္ကဋ္ဌ J. Stephen Morrisonနှင့် အမေရိကန် မဟာဗျူဟာနှင့် နိုင်ငံတကာရေးရာ သုတေသနစင်တာ သုတေသီ Scott Kennedy က "တရုတ်နိုင်ငံ၏ ပိတ်ဆို့မှုကြောင့် သေဆုံးသူဦးရေကို အလွန်နိမ့်သောအဆင့်သို့ ထိန်းထားနိုင်ခဲ့ကြောင်း၊ ၎င်းသည် တရုတ်နိုင်ငံ၏ အင်အားနှင့်စိတ်ပိုင်းဖြတ်ချက်ကို သိသိသာသာအားကောင်းသည့် ပြသမှုတစ်ခုဖြစ်ကြောင်း" ပြောကြားခဲ့သည်ဟု ဆောင်းပါးတွင် ဖေါ်ပြပါသည်။