ပါတီတစ်ရပ်လုံး၊ တပ်မတော် တစ်ရပ်လုံး၊ တစ်ပြည်လုံး တိုင်းရင်းသားပေါင်းစုံမှ ပြည်သူများထံ အကြောင်းကြားစာ

(GMT+08:00)2022-11-30 19:07:15  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၊ တရုတ်နိုင်ငံတော်ကောင်စီ၊ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ၊ တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ် ဗဟို စစ်ရေး ကော်မရှင်တို့သည် လွန်စွာ ဝမ်းနည်းကြေကွဲစွာဖြင့် ပါတီတစ်ရပ်လုံး၊ တပ်မတော် တစ်ရပ်လုံး၊ တစ်ပြည်လုံး တိုင်းရင်းသားပေါင်းစုံမှ ပြည်သူများထံ အကြောင်းကြားစာ ထုတ်ပြန်သည်။ မိမိတို့ ချစ်ခင်ရိုသေသော ရဲဘော် ကျန်ကျက်မင်သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ ၁၂ နာရီ ၁၃ မိနစ်တွင် ရှန်ဟိုင်း၌ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်သည့် အခါ အသက် ၉၆ နှစ်အရွယ် ဖြစ်ပါသည်။

ရဲဘော် ကျန်ကျက်မင်သည် တရုတ်ကွန်မြူနစ်ပါတီ၊ တပ်မတော်နှင့် တိုင်းရင်းသား ပေါင်းစုံမှ ပြည်သူများ အသိအမှတ်ပြုကြသော ဂုဏ်သိက္ခာရှိသည့် ထူးချွန်သော ခေါင်းဆောင်၊ ကြီးမြတ်သော မာ့က်စ်ဝါဒီ၊ ကြီးမြတ်သော ပစ္စည်းမဲ့လူတန်းစား တော်လှန်ရေး ပုဂ္ဂိုလ်၊ နိုင်ငံရေးပုဂ္ဂိုလ်၊ စစ်ရေးပုဂ္ဂိုလ်၊ သံတမန်ရေးပုဂ္ဂိုလ်၊ အချိန်ကြာမြင့်စွာ စမ်းသပ်မှု ခံခဲ့ရသော ကွန်မြူနစ် စစ်သား၊ တရုတ် ထူးခြားချက် ပါရှိသော မွန်မြတ်သော ဆိုရှယ်လစ်လုပ်ငန်းတွင် ထူးချွန်သောခေါင်းဆောင်၊ ပါတီ၏ တတိယဆက်မြောက် ဗဟို ခေါင်းဆောင်အဖွဲ့၏ အမြုတေ၊ ကိုယ်စားပြု သုံးခု အရေးကြီး အတွေးအခေါ်၏ အဓိက တည်ထောင်သူ ဖြစ်သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။