ယူကရိန်းအားPatriotဒုံးကျည် ထောက်ပံ့ပေးရန် အမေရိကန် စဉ်းစားနေ၊ ရုရှားသတိပေး

(GMT+08:00)2022-11-30 13:12:27  

အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံအားPatriotဒုံးကျည်စနစ်ကိုထောက်ပံ့ပေးရန် စဉ်းစားနေကြောင်းအမေရိကန်မီဒီယာက နိုဝင်ဘာလ ၂၉ ရက်နေ့ကအမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောဆိုချက်ကိုကိုးကား၍ ဖေါ်ပြထားသည်။

ယင်းနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံလုံခြုံရေးကောင်စီဒုဥက္ကဋ္ဌ Dmitry Medvedev က နေတိုးအဖွဲ့သည် ယူကရိန်းအားPatriotဒုံးကျည် စနစ်နှင့် ဝန်ထမ်းများကိုထောက်ပံ့ပေးလျှင် ၎င်းသည် ရုရှားစစ်တပ်၏ တရားဝင် ပစ်မှတ် ချက်ချင်း ဖြစ်သွားမည် ဖြစ်ကြောင်း ၂၉ ရက်နေ့ကပြောကြားသည်။