ယူရိုငွေ သန်းပေါင်းများစွာ တန်ဖိုးရှိသော ဂျာမဏီပြတိုက်တစ်ခုမှ ရှေးဟောင်းရွှေဒင်္ဂါး ၄၈၃ ခု ခိုးယူခံရ

(GMT+08:00)2022-11-29 13:28:29  

မကြာခင်က ဂျာမဏီနိုင်ငံ တောင်ပိုင်း မူနီချီမြို့ မြောက်ဘက် ၆၄ ကီလိုမီတာအကွာရှိ မန်ချန်မြို့ ဆဲလ်တစ်နှင့် ရောမပြတိုက် (Celtic and Roman Museum) မှ ရှေးဟောင်းရွှေဒင်္ဂါး၄၈၃ ခု ခိုးယူခံရကြောင်း ဂျာမဏီနိုင်ငံ Bavariaပြည်နယ် ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။

ယင်းရွှေဒင်္ဂါးများသည် ဘီစီ ၁၀၀ ဝန်းကျင်အချိန်က ရွှေဒင်္ဂါးများဖြစ်ပြီး ၁၉၉၉ခုနှစ်တွင် အနီးနားရှိ ဆဲလ်တစ် နေထိုင်ရာနေရာတွင် တူးဖော်တွေ့ရှိခဲ့သည်။