သြစတြီးယား မီးရထား လုပ်သားများ၏ သပိတ်မှောက်မှုကြောင့် နိုင်ငံအနှံ့ ရထားများ ရပ်နားခဲ့ရ

(GMT+08:00)2022-11-29 13:26:10  

 ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၈ ရက်နေ့က သြစတြေးယား ပြည်ထောင်စု ရထားလမ်းကုမ္ပဏီမှ လုပ်သားများက ၂၄ နာရီကြာ သပိတ်မှောက်မှုပြုလုပ်ခဲ့ပြီး သြစတြေးယား တစ်ပြည်လုံးတွင် ရထားများ ရပ်နားခဲ့ရကာ ပုဂ္ဂလိကပိုင်ကုမ္ပဏီလိုင်းတေ ကိုလည်း ဖျက်သိမ်းလိုက်ပါသည်။ပြီးခဲ့သည့် သီတင်းပတ်က ရထားအလုပ်သမားများ သမဂ္ဂက လုပ်ခလစာ တိုးပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ပြီး သပိတ်မှောက်မှု ပြုလုပ်မည် ဖြစ် ကြောင်းကြေညာကာ ကုမ္ပဏီနှင့် အကြိမ်များစွာ ညှိနှိုင်းခဲ့သော်လည်း ပျက်ကွက်ခဲ့ သည်။