China Media Group ဥက္ကဋ္ဌသည် ဗီဒီယိုပုံစံဖြင့် AP သတင်းဌာန ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2022-11-29 16:47:02  

  နိုဝင်ဘာလ ၂၉ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံသည် ပီကင်း၌ ဗီဒီယိုပုံစံဖြင့် AP သတင်းဌာန ဥက္ကဋ္ဌ Daisy Veerasingham နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ နှစ်ဦးနှစ်ဖက်တို့သည် မီဒီယာ၏ တာဝန်ဝတ္တရား၊ မီဒီယာ ပူးပေါင်းဆောင်ရွက်ရေး၊ မီဒီယာများ ပေါင်းစပ် ဖွံ့ဖြိုးတိုးတက်ရေး စသဖြင့်နှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။