ရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းတွင် ဘူရွန်ဒီ လက်နက်ကိုင်သမား ၄၀ ကို ပစ်သတ်

(GMT+08:00)2022-11-29 13:25:47  

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ဘူရွန်ဒီ နှစ်နိုင်ငံတို့မှ လက်နက်ကိုင်တပ်ဖွဲ့များ သည် မကြာခင်က ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်း South Kivu ပြည်နယ်တွင် စစ်ရေးလုပ်ဆောင်ချက်တစ်ရပ်တွင် ဘူရွန်ဒီ လက်နက်ကိုင်သမား ၄၀ ကို ပစ်သတ်ခဲ့ ကြောင်း ဒေသစံတော်ချိန် ယခုလ ၂၇ ရက်နေ့ က ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ စစ်ဘက်မှ အတည်ပြုခဲ့သည်ဟု သတင်းအရသိရသည်။

နှစ်နိုင်ငံတပ်ဖွဲ့များသည် ဘူရွန်ဒီရှိ "အမျိုးသားလွတ်မြောက်ရေးအင်အားစု"အပေါ် “ပြင်းထန်သော ထိုးစစ်ဆင်မှု” ပြုလုပ်ပြီး၊ လူသားနှင့် ပစ္စည်းကိရိယာများစွာ ဆုံးရှုံးစေကာ လူ ၄၀ ကို ပစ်သတ်ခဲ့ကြောင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံစစ်ဘက်မှ ကြေညာချက် ကို ကိုးကား၍ ပြင်သစ်သတင်းဌာနက ဖော်ပြသည်။

"အမျိုးသားလွတ်မြောက်ရေးအင်အားစု"သည် ဘူရွန်ဒီရှိ အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ခဲ့ပြီး၊ လက်ရှိအချိန်တွင် ဘူရွန်ဒီ၌ အဓိက နိုင်ငံရေး အတိုက်အခံ အင်အားစုဖြစ်သည်ဟု ပြင်သစ်သတင်းဌာနမှ သတင်းအရသိရ သည်။