ယူကရိန်းနိုင်ငံမြို့တော်ကိဗ်သည် မိသားစုတိုင်းအား တစ်ရက်လျှင် ၄နာရီမှ ၆နာရီအထိ လျှပ်စစ်ဓာတ်အား ပေးရန်စီစဉ်

(GMT+08:00)2022-11-29 13:28:10  

ယူကရိန်း လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီက ဆေးရုံများ၊ ဗုံပိုင်ရေစက်ရုံများနှင့် အပူပေးစက်ရုံ စသော အရေးကြီး အခြေခံအဆောက်အအုံများ၏ လိုအပ်ချက်ကို အာမခံပေးရန်အတွက် ကိဗ်သည် လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို နောက်ထပ် ၆၀ ရာခိုင်နှုန်း လျှော့ချရမည်ဟု နိုဝင်ဘာလ၂၈ရက်နေ့က ပြောကြားခဲ့သည်။ ကုမ္ပဏီသည် ကိဗ်ရှိ မိသားစုတိုင်းအတွက် တစ်နေ့နှစ်ကြိမ် တစ်ကြိမ်လျှင် ၂ နာရီမှ ၃နာရီအထိ လျှပ်စစ်မီးပေးရန် အတတ်နိုင်ဆုံး ဆောင်ရွက်နေသည်ဟုသိရပါသည်။