ရှီကျင့်ဖိန်သည် မွန်ဂိုးလီးယား သမ္မတနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2022-11-29 13:27:26  

နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပီကင်း ပြည်သူ့ခန်းမဆောင်ကြီးတွင် တရုတ်နိုင်ငံသို့ လာရောက် ခရီးလှည့်လည် နေသော မွန်ဂိုးလီးယား သမ္မတ ဟူရ်လီ စူဟ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် မွန်ဂိုးလီးယားတို့သည် အရေးကြီး အိမ်နီးချင်းနိုင်ငံများ ဖြစ်ပြီး တရုတ်နှင့် မွန်ဂိုးလီးယား ရေရှည် တည်ငြိမ်သော အိမ်နီးချင်းကောင်း ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု ထိန်းသိမ်းခြင်းသည် နှစ်နိုင်ငံ ပြည်သူများ၏ အရင်းခံ အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ နှစ်နိုင်ငံအကြား နယ်ပယ် အသီးသီး၌ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အဆက်မပြတ် ထိရောက် နက်ရှိုင်းလာပြီး နိုင်ငံချင်း ဆက်ဆံမှု၏ စံနမူနာကောင်း ထူပြထားကြောင်း၊ မတည်ငြိမ်မရေရာမှုများပြားလာသော နိုင်ငံတကာ ပတ်ဝန်းကျင်ကို ရင်ဆိုင်လျက် တရုတ်နိုင်ငံသည် မွန်ဂိုးလီးယားနှင့်အတူ နှစ်နိုင်ငံ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို ဦးတည်ချက်အဖြစ် ထားပြီး နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု ရေရှည် တိုးတက်စေရန် တွန်းအားပေးလိုကြောင်း ပြောကြားပါသည်။

ဟူရ်လီ စူဟ်က မွန်ဂိုးလီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့် နိုင်ငံရေး ကူးလူးဆက်ဆံမှုကို တိုးမြှင့်ပြီး ပြတ်ပြတ်သားသား အပြန်အလှန် ထောက်ခံ၍ ကိုယ့်နိုင်ငံ ရွေးချယ်ထားသည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို အပြန်အလှန် လေးစားကာ နှစ်နိုင်ငံ၏ သံမဏိလို ခိုင်ခံ့သော ချစ်ကြည်ရေးကို နက်ရှိုင်းစေလိုပါကြောင်း ပြောကြားပါသည်။

နှစ်ဖက်တို့သည် တရုတ်နှင့် မွန်ဂိုးလီးယား ခေတ်သစ်တွင် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု တိုးမြှင့်ရေး ပူးတွဲ ကြေညာချက်ကို ထုတ်ပြန် ခဲ့ပါသည်။