လီခေ့ချန်သည် ကာဇတ်စတန် ဝန်ကြီးချုပ်နှင့် ဗီဒီယို တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည်

(GMT+08:00)2022-11-29 15:31:30  

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ကာဇတ်စတန် ဝန်ကြီးချုပ် အာလီဟန် စမိုင်လော့ဗ်နှင့် ဗီဒီယို တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ယခုလ ၂၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

ကျောက်လိကျန်းက ယခုနှစ်များတွင် တရုတ်နှင့် ကာဇတ်စတန် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ မဟာဗျူဟာ ဦးဆောင်မှုနှင့် ကိုယ်တိုင် တွန်းအားပေးမှုဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးသည် အဆင့်ဖြတ်ကျော် တိုးတက်မှုများကို အဆက်မပြတ် ရရှိခဲ့ကြောင်း၊ နှစ်ဖက် အကြား နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု ဆက်တိုက် ခိုင်ခံ့လာပြီး ဖွံ့ဖြိုးရေး မဟာဗျူဟာများကို နက်ရှိုင်းစွာ ချိတ်ဆက်ကာ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်ရေးတွင် အောင်မြင်မှုများ ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်နှင့် ကာဇတ်စတန် ဝန်ကြီးချုပ် အာလီဟန် စမိုင်လော့ဗ်တို့ ဗီဒီယို တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရာတွင် အဓိကအားဖြင့် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ သဘောတူညီချက်များ ဖေါ်ဆောင်ရေး၊ နှစ်ဖက်အကြား ကဏ္ဍစုံ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး စသည့် အကြောင်းများနှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်မည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံမှု အဆက်မပြတ် တိုးတက်စေရန် တွန်းအားပေးပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများအား ပိုမို ကောင်းမွန်စွာ အကျိုးပြုမည် ဖြစ်ကြောင်း သိရပါသည်။