ဆိုမာလီနိုင်ငံ မြို့တော်ရှိဟိုတယ်တစ်ခုတွင် တိုက်ခိုက်မှုခံခဲ့ရသောကြောင့် လူ(၁၀)ဦး ထက်မနည်း သေဆုံး

(GMT+08:00)2022-11-29 13:26:35  

ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့တော် သမ္မရုံးအနားရှိ ဟိုတယ်တစ်ခုတွင် ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၇ရက်နေ့က ဆိုမာလီနိုင်ငံ လူငယ်များပါတီ(Al-Shabaab ပါတီ)မှ လက်နက်ကိုင်သမားများ၏ တိုက်ခိုက်မှုခံခဲ့ရသောကြောင့် ထိုနေ့ညသန်ခေါင်အထိ လူ (၁၀)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဂျာမဏီသတင်းဌာနမှ သတင်းအရ သိရပါသည်။

ဆိုမာလီရဲဖက်မှ ပြောရေးဆိုခွင့်ရှိသူ ဆာဒစ်ခ် ဒိုတီရှက်က ဆိုမာလီလုံခြုံရေးတပ်ဖွဲ့ သည် တိုက်ခိုက်သူများအား ရှင်းလင်းသုတ်သင်ရေးလှုပ်ရှားမှုစတင်ခဲ့ရာတွင် အရပ်သားနှင့် အရာရှိ အများအပြားကို ကယ်ဆယ်ခဲ့ပါသည်။

တိုက်ခိုက်မှုဖြစ်ပွားရာ Rose အပန်းဖြေဟိုတယ်သည် မိုဂါဒစ်ရှူးမြို့လယ်ခေါင်၌ တည်ရှိပြီး သမ္မတရုံးနှင့် နီးစပ်ကာ နိုင်ငံရေးပုဂ္ဂိုလ်များသည် ခဏခဏတည်းခို လျက်ရှိပါသည်။

ထိုနေ့တွင်ပင် “လူငယ်ပါတီ”က ၎င်းမှ ထိန်းချုပ်ထားသော အသံလွှင့်ဌာနမှတစ်ဆင့် ယင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း ကြေညာပါသည်။