အမေရိကန် ဟာဝိုင်အီရှိ Mauna Loa မီးတောင် ပေါက်ကွဲ

(GMT+08:00)2022-11-29 13:30:05  

အမေရိကန်နိုင်ငံ ဘူမိဗေဒ စုံစမ်းစစ်ဆေးရေးဦးစီးဌာန မီးတောင်လှုပ်ရှားမှုဌာန၏ သတင်းအရ ဒေသစံတော်ချိန် နိုဝင်ဘာလ၂၇ရက်နေ့ညက အမေရိကန်နိုင်ငံ ဟာဝိုင်အီပြည်နယ်ရှိ ကမ္ဘာ့အကြီးဆုံး မီးတောင်ရှင် ဖြစ်သည့် Mauna Loa သည် စတင်ပေါက်ကွဲပြီး လက်ရှိအချိန်တွင် မီးတောင်ပေါက်ကွဲမှု အဆင့်သည် "သတိပေးချက်"သို့ အဆင့်မြှင့်တင်ထားပြီဖြစ်ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။