တူရကီ သမ္မတသည် ဆီးရီးယားနှင့် ဆက်ဆံမှု ပြန်လည်ပုံမှန်ဖြစ်စေလိုသော အချက်ပြ

(GMT+08:00)2022-11-28 14:01:30  

 တူရကီ သမ္မတ အယ်ဒိုအန်က တူရကီနှင့် ဆီးရီးယား ဆက်ဆံမှုသည် တူရကီနှင့် အီဂျစ် ဆက်ဆံမှုလို တဖြည်းဖြည်း ပြန်လည်ပုံမှန် ဖြစ်နိုင်ကြောင်း နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

အယ်ဒိုအန်က အီဂျစ်သမ္မတ စိုင်စီသည် ကာတာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် မိမိနှင့် တွေ့ဆုံခြင်းအပေါ် လွန်စွာ ဝမ်းသာသည်ဟု ဖေါ်ပြပြီး နှစ်နိုင်ငံ ဆက်ဆံမှု ပြန်လည် ပုံမှန် ဖြစ်စေရေးကို ဝန်ကြီးအဆင့်၌ ဆက်လက် ဆောင်ရွက်နိုင်ရန် မျှော်လင့်သည်ဟုလည်း ပြောကြားခဲ့ကြောင်း၊ တူရကီနှင့် အီဂျစ်ဆက်ဆံမှု တဖြည်းဖြည်း ပြန်လည်ပုံမှန် ဖြစ်နေသလို တူရကီနှင့် ဆီးရီးယား ဆက်ဆံမှုသည်လည်း လာမည့်အဆင့်ကာလတွင် တူညီသော လမ်းကြောင်း လျှောက်လှမ်း နိုင်ကြောင်း၊ တူရကီနှင့် ဆီးရီးယားတို့သည် နိုင်ငံရေးဆိုင်ရာ ရန်ငြိုးထားမှု မရှိကြောင်း ပြောကြားခဲ့ပါသည်။