ယီမင်နှင့် အာရပ် ငွေကြေးရန်ပုံငွေအဖွဲ့တို့သည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံရှိ သဘောတူစာချုပ် ချုပ်ဆို

(GMT+08:00)2022-11-28 14:01:53  

ယီမင်နိုင်ငံ၏ စီးပွားရေး၊ ငွေရေးကြေးရေးနှင့် ငွေကြေး ပြုပြင်ပြောင်းလဲရေးကို အထောက်အကူပြုရန်အတွက် ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၇ ရက်နေ့က ယီမင်နိုင်ငံနှင့် အာရပ် ငွေကြေးရန်ပုံငွေအဖွဲ့တို့သည် ဆော်ဒီအာရေဗျနိုင်ငံ၏ ဦးစီးကျင်းပမှုဖြင့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိသော သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။

ယင်းစာချုပ်သည် ယီမင်နိုင်ငံ၏ စီးပွားရေး၊ ငွေရေးကြေးရေးနှင့် ငွေကြေးတည်ငြိမ်မှုအတွက် အခြေခံအုတ်မြစ်ချပေးရန်၊ငွေရေးကြေးရေး အဖွဲ့အစည်းများ ပြန်လည် တည်ထောင်ရန်၊ စီမံခန့်ခွဲမှုနှင့် ပွင့်လင်းမြင်သာမှု တိုးမြှင့်ရန်၊ ဆက်တိုက်ဖွံ့ဖြိုးမှု တိုးမြှင့်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရန်၊ အလုပ်လက်မဲ့မှုနှုန်းနှင့် ဆင်းရဲမွဲတေမှုနှုန်း လျှော့ချရန် ရည်မှန်းထားကြောင်းသတင်းအရသိရပါသည်။