ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် အီရန်ပါဝင်ရန် ဥပဒေ မူကြမ်းကို အီရန် လွှတ်တော်မှ အတည်ပြု

(GMT+08:00)2022-11-28 14:05:22  

 ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၇ ရက်နေ့က အီရန်လွှတ်တော်သည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် အီရန် အဖွဲ့ဝင်အဖြစ် ပါဝင်ရန် ဥပဒေ မူကြမ်းကို ထောက်ခံမဲ အများစုဖြင့် အတည်ပြုခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။

အီရန်လွှတ်တော်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒ ကော်မတီမှ ပြောရေး ဆိုခွင့်ရှိသူ Abufazl Amyi က မဲခွဲဆုံးဖြတ်ခဲ့သည့်နောက်ပိုင်းတွင် အီရန်အစိုးရသည် အီရန်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်ဖြစ်ရန် သက်ဆိုင်ရာ စာရွက်စာတမ်းများ ကို အတည်ပြုရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။