ယူကရိန်းအား ရုရှားနှင့် ဆွေးနွေးပွဲ ကျင်းပရန် အမေရိကန် ခွင့်မပြုဟု ဘီလာရုစ်သမ္မတဆို

(GMT+08:00)2022-11-28 14:03:52  

   ဘီလာရုစ် နိုင်ငံ သမ္မတ လူကာရှင်ကိုက မကြာခင်က အင်တာဗျူးကို လက်ခံရာတွင် အမေရိကန်သည် ယူကရိန်းအား ရုရှားနှင့် ဆွေးနွေးပွဲ ပြန်လည် ကျင်းပရန် ခွင့်မပြုကြောင်း၊ ယူကရိန်း သမ္မတ ဇယ်လျန်စကီသည် ယခင်ဆွေးနွေးပွဲတွင် ဆွေးနွေးပွဲ ကျင်းပရန် အခြေခံမူကို ဖောက်ဖျက်ခဲ့ကြောင်း၊ ၄င်းတင်ပြသော ကြိုတင်လိုအပ်ချက်များကို လက်မခံနိုင်ကြောင်း၊ ထို့အပြင်၊ ၄င်းသည် အလျှော့ပေးရန် ငြင်းပယ်ကြောင်း ပြောကြားသည်ဟု ရုရှား မီဒီယာက ယခုလ ၂၇ရက်နေ့က ထုတ်ပြန်ခဲ့သည်။