ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မော်ရိုကိုအသင်းက ဘယ်ဂျီယံ အသင်းကို အနိုင်ရရှိပြီး ဘရပ်ဆဲမြို့တွင် အကြမ်းဖက်မှု ဖြစ်ပွား

(GMT+08:00)2022-11-28 14:03:27  

ဒေသ စံတော်ချိန် ယခုလ ၂၇ရက်နေ့က ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စုF ပြိုင်ပွဲတွင် မော်ရိုကိုအသင်းက ဘယ်ဂျီယံ အသင်းကို အနိုင်ရရှိပြီးနောက် ဘယ်ဂျီယံ နိုင်ငံ ဘရပ်ဆဲမြို့တော် အပါအဝင် မြို့များတွင် အကြမ်းဖက်မှုများ ဖြစ်ပွားကာ မော်တော်ယာဉ်များစွာ မီရှို့ပျက်ဆီးခံရကြောင်း Reutersနှင့် APသတင်းဌာနမှ သတင်းအရ သိရသည်။

ဘရပ်ဆဲ ရဲဘက်သည် မျက်ရည်ယိုဗုံးစသည်များဖြင့် လူထုခွဲလိုက်ပြီး လူဆယ်ချီကို ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။