တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူသည် ထိုင်ဝမ်ဒေသ ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်ပြီး မေးမြန်းချက်ကို ဖြေကြား

(GMT+08:00)2022-11-27 11:19:50  

နိုဝင်ဘာလ၂၆ရက်နေ့ညတွင် တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန့်လျန်သည် ထိုင်ဝမ်ဒေသ ရွေးကောက်ပွဲ ရလဒ်နှင့်ပတ်သက်ပြီး မေးမြန်းချက်ကို ဖြေကြားရာတွင် ယခုအကြိမ် ရွေးကောက်ပွဲရလဒ်သည်  "ငြိမ်းချမ်းရေး လိုလားသော၊ တည်ငြိမ်ရေး လိုလားသော၊ ကောင်းမွန်သော နေထိုင်မှုဘဝ လိုလားသော" ထိုင်ဝမ်သူထိုင်ဝမ်သားများ၏ အဓိကသဘောထားကို ပြသထားကြောင်း၊ မိမိတို့သည် ထိုင်ဝမ် မွေးချင်းပေါက်ဖော်များနှင့်အတူ စည်းလုံးညီညွတ်စွာ ဆက်လက်ဆောင်ရွက်ပြီး ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်ကမ်း ဆက်ဆံမှု ငြိမ်းချမ်းစွာ တိုးတက်စေရေး၊ ဘက်ပေါင်းစုံတိုးတက်စေရေးနှင့် ရေလက်ကြားနှစ်ဖက်ကမ်းမှ မွေးချင်းပေါက်ဖော်များအတွက်အကျိုးပြုစေရေးတို့ကို အတူတကွ တွန်းအားပေးပြီး ထိုင်ဝမ်သီးခြားတည်ရှိရေးနှင့် ပြင်ပမှ အင်အားစုများ ဝင်ရောက်စွက်ဖက်မှုကို ပြတ်ပြတ်သားသား ကန့်ကွက်ကာ မွန်မြတ်သော တရုတ် အမျိုးသား ရှင်သန်ရေး ထွန်းလင်းသော အနာဂတ်ကို လက်တွဲ ဖန်တီးကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။