ချုပ်နှောင်ခံရသူအချို့က အမိနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီဟု ရုရှားနှင့် ယူကရိန်းမှ အတည်ပြု

(GMT+08:00)2022-11-27 11:15:36  

ယူကရိန်းမှ ချုပ်နှောင်ထားသော ရုရှားတပ်ဖွဲ့ဝင် ၉ ဦးသည်  ရုရှားလေကြောင်းတပ်ဖွဲ့၏ ပို့ဆောင်ရေးလေယာဉ်ဖြင့် မော်စကိုမြို့သို့ ပြန်လည်ရောက်ရှိမည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယခုလ၂၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။

ထိုနေ့တွင်ပင်  ယူကရိန်း၏ ချုပ်နှောင်ခံရသူ ၁၂ ဦးသည် ယူကရိန်းသို့ ပြန်လာခဲ့ကြောင်း ယူကရိန်းနိုင်ငံလုံခြုံရေးဦးစီးဌာနက ဗီဒီယိုဖြင့် ထုတ်ပြန်ခဲ့သည်။