အမှန်တကယ် မိတ်ဆွေဖြစ်သူသည် ခေတ်သစ်တွင် အထူးချစ်ကြည်ရေး ဆက်ဆံမှုကို ဤသို့ တိုးမြှင့်ခြင်း ဖြစ်သည်

(GMT+08:00)2022-11-27 08:29:25  

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်ပြည်သို့ လာရောက် ခရီး လှည့်လည်သည့် ကျူးဘား နိုင်ငံ သမ္မတ၊ ကျူးဘားကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပထမ အတွင်းရေးမှူး ဒီယာဇ် ကာနယ်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာ တွင် ရှီကျင့်ဖိန်က အခြေအနေသစ်တွင် နှစ်ဖက်တို့သည် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ရမည် ဖြစ်ကြောင်း၊ လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်မှု တွန်းအားပေးရေး ဖြစ်စဉ်တွင် တရုတ်-ကျူးဘား ကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲ တည်ဆောက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ နှစ်ဦးနှစ်ဖက်တို့က နှစ်နိုင်ငံနှင့် နှစ်ပါတီ ဆက်ဆံရေး၏ နိုင်ငံရေး ဦးဆောင်မှုကို ဆက်လက် အားဖြည့်ပြီး ခေတ်သစ်တွင် တရုတ်နှင့် ကျူးဘား အထူးချစ်ကြည်ရေး ဆက်ဆံမှုကို ဆက်လက် နက်ရှိုင်းစေရမည် ဖြစ်ကြောင်း သဘောတူ ဖေါ်ပြခဲ့ကြပါသည်။

ယခုအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် ရှီကျင့်ဖိန်သည် “ဦးလည်မသုန်” သုံးခု၊ “ပြောင်းလဲမည် မဟုတ်” သုံးခုဖြင့် တရုတ်နိုင်ငံက ကျူးဘားနိုင်ငံနှင့် ဆက်ဆံရေးကို သံတမန်ရေးတစ်ခုလုံး၏ အထူးအရေးကြီးနေရာတွင် အမြဲ ထားရှိခြင်း အကြောင်းကို အလေးအနက် ဖေါ်ပြခဲ့ပါသည်။ ဒီယာဇ် ကာနယ်ကလည်း တရုတ်နိုင်ငံနှင့် ဆက်ဆံမှု တိုးတက်ရေးသည် ကျူးဘား၏ သံတမန်ရေးမူဝါဒတွင် လွန်စွာ အရေးကြီးသည့် အကြောင်းပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယင်းသည် နှစ်ဖက်တို့က ချစ်ကြည်ရေး အစဉ်အလာကို တန်ဖိုးထားပြီး မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှုကို တိုးမြှင့် လိုသည့်အချက်ကို ပြသထားပါသည်။

မျက်မှောက်အချိန်တွင် တရုတ်နိုင်ငံသည် ကျူးဘားနိုင်ငံ၏ ပထမ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်ပြီး ကျူးဘားနိုင်ငံသည် တရုတ်နိုင်ငံ၏ ကယ်ရီဘီယံဒေသ၌ ဒုတိယ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်ပါသည်။ တရုတ်နှင့် ကျူးဘားတို့သည် ဆိုရှယ်လစ် လမ်းပေါ်တွင် အတူ လျှောက်လှမ်းကြသူ၊ အတူဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်ကောင်း၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး ရဲဘော်ကောင်းများ ဆက်လက် ဖြစ်သွားမည် ဖြစ်ပြီး နှစ်ဘက် ပြည်သူများအတွက် ပိုမို ကောင်းမွန်စွာ အကျိုးပြုသွားမည်ဟု China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်တွင် ရေးသား ဖေါ်ပြ ထားပါသည်။