တရုတ်ပြည်ထုတ် စွမ်းအင်သစ်သုံး ဘတ်စ်ကားများသည် မြစိမ်းရောင် ကမ္ဘာ့ဖလားပြိုင်ပွဲကို အထောက်အကူပြု

(GMT+08:00)2022-11-26 12:26:47  

      ကာတာနိုင်ငံ၌ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ကျင်းပလျက် ရှိသည်။ ဒိုဟာမြို့ လမ်းပေါ်တွင် ပရိသတ်များကို သယ်ဆောင်သော ရောင်စုံ ဘတ်စ်ကားများကို မကြာခဏ တွေ့ရသည်။ ယင်းဘတ်စ်ကားများထဲတွင် အတော်များများမှာ တရုတ်နိုင်ငံမှ ထုတ်လုပ်သော စွမ်းအင်သစ်သုံး ဘတ်စ်ကားဖြစ်ပြီး ၄င်းတို့သည် ယခုအကြိမ် ပြိုင်ပွဲ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကို အထောက်အကူပြုနေပါသည်။