အမေရိကန်အနေနှင့် အထင်သေးသော ဆောင်ရွက်မှုများကို ရပ်တန့်ပြီး ဥရောပ လုပ်ငန်း ကုမ္ပဏီများအား တရားမျှတစွာ သဘောထားရန် ဥရောပသမဂ္ဂ တောင်းဆို

(GMT+08:00)2022-11-26 12:15:37  

 ဥရောပသမဂ္ဂ ကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေးကို ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၅ ရက်နေ့က ဘရပ်ဆဲမြို့၌ ကျင်းပခဲ့ပါသည်။ ယခုနှစ် သြဂုတ်လတွင် အမေရိကန်က အတည်ပြုခဲ့သော ငွေကြေးဖောင်းပွမှု လျှော့ချရေး ဥပဒေကြမ်းကို ရည်ညွှန်းပြီး ဥရောပသမဂ္ဂသည် အမေရိကန်အား ဓါတ်အားသုံး မော်တော်ကား ထောက်ပံ့ကြေးပေးရေးကိစ္စတွင် ဥရောပသမဂ္ဂ၏ အာရုံစိုက်မှုကို အလေးထားရန်၊ ဥရောပ လုပ်ငန်းကုမ္ပဏီများကို အထင်သေးသော ဆောက်ရွက်မှုများကို ရပ်တန့်ရန် တောင်းဆို ခဲ့ပါသည်။ ဥရောပသမဂ္ဂက အခြေအနေကြည့်ပြီး တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်မည် ဟုလည်း သတိပေး ပြောကြားခဲ့သည်။

   ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများစွာမှ ကုန်သွယ်ရေးဝန်ကြီးများက ဥရောပသမဂ္ဂနှင့် အမေရိကန်တို့သည် ဒီဇင်ဘာလ လဆန်းပိုင်းတွင် ကျင်းပမည့် တွေ့ဆုံပွဲတွင် အစီအစဉ်များ ရရှိနိုင်ရန် မျှော်လင့်ကြောင်း၊ သို့မဟုတ်ပါက ဥရောပသည် မတတ်နိုင်သည့်အဆုံး သက်ဆိုင်ရာ ဆောင်ရွက်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။