လီခေ့ချန်သည် မလေးရှား ဝန်ကြီးချုပ်သစ် အန်ဝါအား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2022-11-26 16:43:30  

 တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် နိုဝင်ဘာလ ၂၅ ရက်နေ့က မလေးရှား ဝန်ကြီးချုပ်သစ် အန်ဝါအား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

  လီခေ့ချန်က မိမိသည် ဝန်ကြီးချုပ် အန်ဝါနှင့်အတူ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု အဆက်မပြတ် တိုးတက်စေရန် တွန်းအားပေးပြီး နှစ်နိုင်ငံ ကံကြမ္မာတူ အသိုက်အဝန်း အတူ တည်ဆောက်ရေး ဦးတည်ချက်အရ ချီတက်ကာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမို ကောင်းမွန်စွာ အကျိုးပြုရန် ကြိုးပမ်းဆောင်ရွက်လိုပါကြောင်း ဖေါ်ပြသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။