ရှီကျင့်ဖိန်သည် ဆော်လမွန်ကျွန်းစုဘုရင်ခံထံသို့ သဝဏ်လွှာပေးပို့ပြီး ဆော်လမွန်ကျွန်းစု ငလျင်လှုပ်ခတ်ခြင်းအပေါ် ဝမ်းနည်းကြောင်း ဖော်ပြ

(GMT+08:00)2022-11-26 12:26:01  

 နိုဝင်ဘာလ ၂၅ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဆော်လမွန်ကျွန်းစု ဘုရင်ခံ David Vunagi ထံသို့ သဝဏ်လွှာပေးပို့ပြီး ဆော်လမွန်ကျွန်းစု ငလျင်လှုပ်ခတ်ခြင်းအပေါ် ဝမ်းနည်းကြောင်းဖော်ပြခဲ့သည်။

      ရှီကျင့်ဖိန်က ဆော်လမွန်ကျွန်းစုတွင် ငလျင် ပြင်းထန်စွာ လှုပ်ခတ်ခဲ့ခြင်းကို သိရှိ ရကြောင်း၊ မိမိသည် တရုတ်အစိုးရနှင့်  ပြည်သူများကိုယ်စား ဆော်လမွန် ကျွန်းစုအစိုးရနှင့် ပြည်သူများအား စိတ်ရင်းမှန်နှင့် နှစ်သိမ့်ကြောင်း၊ တရုတ်နှင့် ဆော်လမွန် ကျွန်းစုသည် အပြန်အလှန် ထောက်ခံပြီး အပြန်အလှန် ကူညီကြသည့် မိတ်ဆွေကောင်း၊ ညီအစ်ကိုကောင်း၊ မိတ်ဖက်ကောင်း ဖြစ်ကြောင်း၊ ဆော်လမွန်ကျွန်းစုပြည်သူများ ဘေးအန္တရာယ် ကျော်လွှား ပြီး ရပ်ရွာပြန်လည်တည်ဆောက်ရန်အတွက် တရုတ်နိုင်ငံသည် တတ်နိုင်သမျှ ကူညီပေးလိုကြောင်း ဖေါ်ပြပါသည်။