စစ်မှုထမ်းဟောင်း ၈ဦးသည် “သေမင်းပင်လယ်”ကို အစိမ်းရောင်အပင်များဖြင့် ရှင်သန်စေ

(GMT+08:00)2022-11-25 15:07:05  

ဆောင်းဦးရာသီတွင် ရှင်းကျန်းပြည်နယ် ချယ်မိုခရိုင်တွင် CistanchesHerba ပင် ရိတ်သိမ်းချိန် ရောက်နေပါပြီ။ အစိမ်းရောင်အပင်များကို နှစ်ရှည်လများ စိုက်ပျိုးပြီး သဲမုန်တိုင်း တိုက်ဖျက်ရေး အောင်မြင်မှုရရှိခဲ့သောကြောင့် ထျန်ရယ် စသော စစ်မှုထမ်းဟောင်း ၈ဦးတို့အတွက် အပျော်ဆုံးအချိန်ဖြစ်သည်။

CistanchesHerba ပင်ကို “သဲကန္တာရဂျင်ဆင်း”ဟု ခေါ်သည်။ ၄နှစ်ကြာအချိန်ကာလတွင် စစ်မှုထမ်းဟောင်း ၈ဦးသည် “သေမင်းပင်လယ်”ဟု ခေါ်သည့် တာခ်လာမကန် သဲကန္တာရတွင် တရုတ်ဧက သောင်းနှင့်ချီသော အပင်များကို စိုက်ပျိုးကြသည်။